ဆက်ကြည့်ဦးမှာလား စစ်သားတစ်ပိုင်း
ဦးသိန်းစိန်အစိုးရ
လက်ထက်တုန်းက
အစိုးရကို
ပြန်ဆော်ခဲ့တဲ့
လွှတ်တော်အမတ်တွေ
မိခင်ပါတီကို
ပြန်ဆော်ခဲ့တဲ့
လွှတ်တော်အမတ်တွေ
ရှိခဲ့ဖူးတယ်...
အဲ့လူတွေဆီမှာ
အဖြေတစ်ခုရှိတယ်...
ပြည်သူကတင်မြှောက်လိုက်လို့
ပြည်သူ့ကိုယ်စားလှယ်
ဖြစ်လာပြီးရင်
ပြည်သူ့မျက်နှာကိုပဲ
ကြည့်ရမယ်ဆိုပြီး
အစိုးရရဲ့
အမှားအယွင်းတွေ
အားနည်းချက်တွေကို
ပြန်ထောက်ပြ
ပြန်ဆော်ခဲ့ကြတာ...
ပုဂ္ဂိုလ်ရေးခံစားချက်လည်း
အနည်းနဲ့အများ
ပါကောင်းပါနိုင်တာပေါ့...
အဲ့တုန်းက
အစိုးရကလည်း
သူ့အလုပ်သူလုပ်သွားခဲ့တာပဲ...
လွှတ်တော်ကလည်း
သူ့အလုပ်သူလုပ်သွားခဲ့တာပဲ...
ကိုယ်စားလှယ်တွေကလည်း
သူ့အလုပ်သူလုပ်သွားခဲ့တာပဲ...
အခုလက်ရှိ
အစိုးရအဖွဲ့အကြီးအကဲတွေကို
ဝေဖန်တယ်ဆိုတာ
ဦးသိန်းစိန်
ဦးဆောင်တဲ့
အစိုးရအဖွဲ့ကို
ဝေဖန်ခဲ့တာနဲ့ယှဉ်ရင်
ပါ့မွှားလောက်ပါပဲ...
ဒါပေမယ့်
အဲ့အချိန်တုန်းက
အသံထွက်လာတဲ့
ပါးစပ်ပေါက်တွေကို
ပိတ်ပစ်ဖို့
ဘယ်သူကမှ
တရားဝင်
မကြိုးစားခဲ့ကြဘူး...
အခုကျတော့
ကိုယ့်ပါတီကလာတဲ့သူ
ကိုယ့်ပါတီရဲ့
ပြောရဲဆိုရဲရှိတဲ့
အမတ်တစ်ချို့က
အစိုးရရဲ့
အားနည်းချက်တွေကို
ပြန်ထောက်ပြတာကို
ကိုယ့်အမှားကိုယ်သိပြီး
ပြုပြင်ရမယ့်အစား
အသံထွက်လာတဲ့
ပါးစပ်ပေါက်တွေကို
ပိတ်ပြီးး
နောက်လူတွေပါ
ပါးစပ်မဟရဲအောင်
လုပ်ပြလိုက်တာဟာ
ဒီမိုကရေစီရဲ့
လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်ကို
ဆိတ်သုဉ်းသွားအောင်
လုပ်လိုက်သလိုပဲဗျာ...
တကယ့်ကို စိတ်ပျက်စရာ
ရွှေရည်စိမ်ဒီမိုကရေစီပါပဲ...
Credit:
APK